ချစ်သူကောင်မလေးကို ဆက်ပြီးသည်းမခံနိုင်တော့လို့ လမ်းခွဲလိုက်ပါပြီဆိုတဲ့ ရဲနောင်

ချစ်သူကောင်မလေးကို ဆက်ပြီးသည်းမခံနိုင်တော့လို့ လမ်းခွဲလိုက်ပါပြီဆိုတဲ့ ရဲနောင်

Myanmar Idol Season(2)ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ရဲနောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သူဟာ ပြိုင်ပွဲပြီးသွားကတည်းက ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့ပြီး အခုဆိုရင်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေသူပဲဖြစ်ပါတယ်..။ ရဲနောင်က အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေ အားကျစရာကောင်းလောက်တဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ဦးဟာ ဆက်ပြီးသည်းမခံနိုင်တော့လို့ လမ်းခွဲလိုက်ပါပီဆိုတဲ့အကြောင်းကို ရဲနောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။အဲဒီအကြောင်းလေးကိုတော့ ” သူနဲ့ကျွန်တော်နဲ့ ဒီနေ့လမ်းခွဲလိုက်ပါပီ ကျွန်တော့်နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာပါ . .ဆက်ပီးသည်းမခံနိုင်တော့ပါဘူး ..လက်ပူးလက်ကြပ် ပုံနဲ့တကွ မိပါတယ် ..ပိုစိတ်နာတာက ကျွန်တော်လောက်မချောတဲ့သူနောက်ပါသွားတာပါပဲ .. အားလုံးက ကံပါသလောက်ပဲပေါ့ မင်းကံကောင်းပါစေ”ဆိုပြီး ချစ်သူကောင်မလေးရဲ့ပုံလေးနဲ့စနှောက်ကာတင်ထားခဲ့တာပဲဖြစ်ပါတယ်။Ye Naung

Read More
စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းမှာ အဓိက ဂိုးသမားအဖြစ် လုပ်ဆောင်တော့မယ့် နေဒွေး

စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းမှာ အဓိက ဂိုးသမားအဖြစ် လုပ်ဆောင်တော့မယ့် နေဒွေး

ပရိ သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့်ထင်တဲ့ သဘာဝဆန်ဆန်လေးတွေကို သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားနေဒွေးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နေဒွေးကတော့ အသားညိုညို နဲ့ ယောကျာ်းပီသတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့သူတစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။ သူရဲ့ အားပေးနေတဲ့ ပရိသတ်တွေနဲ့ ပဲပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ နေဒွေးကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဆော့ထားတဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နေဒွေးက”ကျွန်တော်ငယ်ငယ်ထဲကအိမ်မက် ဒုတိယမြောက်ပရိုဖက်ရှင်နယ်အလုပ်လေးပေါ့ဗျာကျွန်တော့်လက်စွမ်းကိုယုံကြည်ပြီးအသင်းရဲ့ အဓိကဂိုးသမားနေရာအတွက် (၃)နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တဲ့ စစ်ကိုင်းယူနိုက်တက်အသင်းကိုကျေးဇူးအထူးပါဗျာ ကျွန်တော့်အပေါ် အကိုလိုရောအမလိုရောချစ်ခင်ပြီးခေါ်ယူဖို့တိုက်တွန်းခဲ့တဲ့ အသင်းရဲ့နည်းပြချုပ် ကို Zaw Linn Tun အတွက်အစွမ်းကုန်ကြိုးစားပါ့မယ်ငယ်ငယ်ထဲကမြန်မာ့လက်ရွေးစင်ပွဲတွေမှာဆိုအရမ်းအားကျခဲ့ရတဲ့ ဦး Thiha Sithu လို မြန်မာ့လက်ရွေးစင်ဖြစ်အောင်လည်းကြိုးစားပါ့မယ် ဗျပြိုင်ဘက်တွေအနေနဲ့ရင်ဆိုင်ရမှာစိတ်မကောင်းပါဘူးဗျာအရင်တုန်းကအပျော်တမ်းအသင်းမှာကန်ရင် ကျွန်တော့်လက်စွမ်းတွေကိုအထူးယုံကြည်အားပေးချီးမွမ်းကြတဲ့ အနုပညာညီအကိုအမညီမတွေဖြစ်တဲ့ Htin Aung Tun Moe Yann […]

Read More
COVID-19 အကျပ်အတည်းကြောင့် ငွေကြေးမပြေလည်လို့ ဆက်သွယ်လာရင် ငွေကျပ် (၁)သောင်းပို့ပေးမယ့် ဇဏ်ခီ

COVID-19 အကျပ်အတည်းကြောင့် ငွေကြေးမပြေလည်လို့ ဆက်သွယ်လာရင် ငွေကျပ် (၁)သောင်းပို့ပေးမယ့် ဇဏ်ခီ

ကျွန်တော်အနေနဲ့“ပိုက်ဆံလက်ထဲမှာ တပြားမှမရှိတော့တဲ့အခြေအနေမျိုးကို ကိုယ်တိုင်ရောက်ဖူးတော့သိတယ်။ ကျနော်နဲ့ခရစ္စဆိုရင် မြန်မာပြည်ပြန် လာ ပြီးတော့ ဘယ်လောက်ထိအခြေအနေဆိုးလဲဆိုရင် မြန်မာငွေကျပ် ၅၀ ပဲကျန်တဲ့အထိကို အခြေအနေ ရောက်ဖူးတယ် ဆိုတော့ ဒီအသက် ရှုကျပ်မှုကြီးကို ကောင်းကောင်းသိတယ်။ ဒါကြောင့် မို့လို့ ဒီအစီအစဉ်လေးကို ဖြစ်စေချင်တယ်။ ဖြစ်စေချင်ပြီး အကောင်အထည်ရအောင်ဖော်တယ်။ အဆင်သင့်ဖြစ်နေပါပြီ” လို့ သရုပ်ဆောင် မင်းသားချောဇဏ်ခီကပြောပါတယ်။ အကူ အညီတောင်းခံတဲ့ သူတွေကိုတော့ နောက်ကြောင်းလိုက်တာတွေ လုပ်မှာမဟုတ်ဘဲ မှတ်ပုံတင်ကိုရိုက်ထားတဲ့ဓာတ်ပုံ ၊ မှတ်ပုံတင်ထဲမှနာ မည် ၊ ဖုန်းနံပါတ်တို့ကိုပို့ပေးရုံနဲ့ Wave Pay နဲ့ငွေလွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုက်ဆံ တောင်းခံလိုသူတွေ အနေနဲ့ ကိုယ့်ရဲ့မှတ်ပုံတင်ပေါ်မှာရှိတဲ့ နာမည်ရယ် ၊မှတ်ပုံတင်ကို ရိုက်ထားတဲ့ ပုံရယ်၊ ဖုန်းနံပါတ်ရယ် ပို့ပေးရ မှာပါ။ လောလောဆယ် မှာတော့ […]

Read More
တရားနည်းလမ်းမကျတဲ့ အာမခံ ၁ဝသိန်း နဲ့ မင်းရာဇာ ရဲ့ အမှု(ရုပ်သံ)

တရားနည်းလမ်းမကျတဲ့ အာမခံ ၁ဝသိန်း နဲ့ မင်းရာဇာ ရဲ့ အမှု(ရုပ်သံ)

အောက်ဆုံးတွင် Videoပါရှိပါသည် မင်းရာဇာ၏ မဒိန်းမှုကို အာမခံ ၁၀သိန်းဖြင့် ပုဒ်မ ၃၂၅ သို့ ပြောင်းလိုက်ကြောင်း တရားနည်းလမ်းမကျဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ထွက်ဆိုခဲ့ပါသည်။ အမှုကို ဖိုတို့စတပ်နဲ့ တည်ဆောက်လိုက်တာဟာ ဥပေဒေနဲ့ ကိုက်ညီတယ်ဟူ၍ မဖတ်ဘူးပါဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ မဒိန်းမှုလိုက်လိုက်တိုင်း အကောင့်တုများဖြင့် ခဏခဏ တိုက်ခံရပြီး မြန်မာနိုင်ငံတွင် မိန်းကလေးများဘက်က စာနာမှုမရှိကြောင်းလည်း ပြောဆိုခဲ့သည်။ မင်းရာဇာ၏ မဒိန်းမှုကို အာမခံ ၁၀သိန်းဖြင့် ပုဒ်မ ၃၂၅ သို့ ပြောင်းလိုက်ကြောင်း တရားနည်းလမ်းမကျဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ထွက်ဆိုခဲ့ပါသည်။ အမှုကို ဖိုတို့စတပ်နဲ့ တည်ဆောက်လိုက်တာဟာ ဥပေဒေနဲ့ ကိုက်ညီတယ်ဟူ၍ မဖတ်ဘူးပါဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ မဒိန်းမှုလိုက်လိုက်တိုင်း အကောင့်တုများဖြင့် ခဏခဏ တိုက်ခံရပြီး မြန်မာနိုင်ငံတွင် […]

Read More
ဇာတ် ပို့သရုပ်ဆောင် ဘိုမ ကို ပီ တိမျက်ရည်တွေ ကျလောက်တဲ့အထိ ပြုံးပျော်စေခဲ့တဲ့ ဖြူဖြူထွေးရဲ့ အလှူ

ဇာတ် ပို့သရုပ်ဆောင် ဘိုမ ကို ပီ တိမျက်ရည်တွေ ကျလောက်တဲ့အထိ ပြုံးပျော်စေခဲ့တဲ့ ဖြူဖြူထွေးရဲ့ အလှူ

ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းကပွဲကတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိတဲ့ သူမရဲ့ ပုံစံကြောင့် လုပ်ငန်းရှင်တွေ တော်တော်များများက သဘောကျကြပြီး ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလာတာကို တွေ့ရပါတယ်။ အောင်မြင်လာတာနဲ့အမျှ ချို့တဲ့နွမ်းပါးသူတွေကို ကူညီထောက်ပံ့ပေးချင်စိတ်အပြည့်ရှိတဲ့ ဖြူဖြူထွေးက ဒီကနေ့ ကဆုန်လပြည့်နေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူထွေးက ဇာတ်ရုပ်ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘိုမကိုလည်း စားသောက်ရိက္ခာတွေနဲ့ ငွေသားတချို့ ကူညီလှူဒါန်းပေးခဲ့တာကြောင့် ဘိုမခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးကတော့ “အပြုံးလေးတစ်ချက်နဲ့တင် ဖြူဖြူထွေးလုံလောက်ပါပြီး ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့လေးမှာ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ထပ်တူသာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။ […]

Read More
မန္တလေးမြို့ကစာပေပညာရှင်နဲ့ သဘင်သည်တွေအတွက် ရိက္ခာစုစုပေါင်း သိန်း(၂၀)ဖိုးလှူဒါန်းပေးခဲ့တဲ့ ဒေါင်း

မန္တလေးမြို့ကစာပေပညာရှင်နဲ့ သဘင်သည်တွေအတွက် ရိက္ခာစုစုပေါင်း သိန်း(၂၀)ဖိုးလှူဒါန်းပေးခဲ့တဲ့ ဒေါင်း

စာပေနဲ့ အနုပညာကိုချစ်ခင်တန်ဖိုးထားတတ်တဲ့ မင်းသားချောဒေါင်းကတော့ မန္တလေးမြို့က စာပေပညာရှင်တွေနဲ့ သဘင်သည်တွေအတွက် စားသောက်ကုန်ရိက္ခာတွေလှူဒါန်းပေးခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ Covid-19 စဖြစ်ကတည်းက လိုအပ်နေတဲ့နေရာတွေကို ကူညီဖို့လက်မနှေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ရန်ကုန်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့စက်ပစ္စည်း(၁၆၅) သိန်းဖိုးအပြင် မန္တလေးမြို့နေ အခြေခံလူတန်းစားတွေအတွက်လည်း ဆက်တိုက်ကူညီလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာစာပေအနုပညာကို ချစ်မြတ်နိုးသူတစ်ယောက်မို့ မကြာသေးခင်ကပဲ မန္တလေးမှာနေထိုင်တဲ့ စာပေပညာရှင်တွေအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်းထပ်မံပြီးတော့ မန္တလေးမြို့က စာရေးဆရာ၊ကဗျာဆရာ၊သတင်းစာဆရာ၊ပန်းချီဆရာ၊ဂီတမှူး၊လူရွင်တော်၊အငြိမ့်မင်းသမီး၊ကာတွန်းဆရာ စုစုပေါင်း (၃၈) ဦး ထဲကမှ (၈) ဦးကို ကျပ် (၁၀၀၀၀၀) စီ နဲ့ (၃၀) ဦးကို နေသူရိန်ပဲဆီသန့်( ၅) ပိဿာစီ စုစုပေါင်းငွေကျပ်သိန်း(၂၀) ဖိုး လှူဒါန်းပေးခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ… ဒေါင်းကတော့ လတ်တလောမှာလည်း အိမ်မှာနေရင်းပျင်းနေမယ့် ပရိသတ်ကြီးအတွက် ရသစာပေတွေကို […]

Read More
အလုပ်ရှင်မှ ကွမ်းသီးပွဲရုံ အလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ ကံထူးသွားခဲ့တဲ့ ကံထူးရှင်

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံ အလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ ကံထူးသွားခဲ့တဲ့ ကံထူးရှင်

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံအလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ သိန်း(၁၀၀)ဆုပေါက် သိန်း(၁၀၀)ကံထူးရှင်ကတော့ မော်လမြိုင်မြို့သီရိမြိုင်(၁၂)လမ်းမှ မစန်းစန်းနွယ် ဖြစ်ပါတယ်။သူမ အလုပ်လုပ်တဲ့ အလုပ်ရုံကတော့ မော်လမြိုင် စမ်းကြီးရပ်မှဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံ ဖြစ်ပါတယ်။ ပွဲရုံအလုပ်သမလေးတွေက ထီတစောင်(၁၀၀၀) ပေးထိုးဖို့တော်တော် စဉ်းစားရတဲ့ အခြေအနေပါ။ မိသားစု စားဝတ်နေရေးရှိနေတော့ ထီတစောင်(၁၀၀၀) ထိုးဖို့ထက် အိမ်အတွက်ဆန် (၁၀၀၀) ဖိုး ဝယ်ဖြည့်လိုက်ကြတာ များပါတယ်။ အဲဒီအတွက် အလုပ်ရှင် ဦးနေဝင်းသူ နဲ့ အလုပ်ရုံတာဝန်ခံမှကွမ်းသီးပွဲရုံ အလုပ်သမလေးတွေရဲ့ကံစမ်းချင်တဲ့ဆန္ဒလဲပြည့်အောင်အခက်အခဲလဲမဖြစ်အောင် ဈေးကြိုထီဆိုင်မှ ထီတွေကိုဝယ်ယူပေးပြီးအလုပ်သမတွေ အဆင်ပြေမှ အရစ်ကျပြန်ဆပ်ဆိုပြီး တစ်ဦးကိုထီ(၂)စောင်နှုန်း အကြွေးထိုးပေးစေရာမှမစန်းစန်းနွယ် ဆိုတဲ့ အလုပ်သမတစ်ဦးမှ သိန်း(၁၀၀) ကံထူးသွားတာဖြစ်ပါတယ်။ သိန်း(၁၀၀) ကံထူးရှင် မစန်းစန်းနွယ် မှလည်း ဆုငွေထုတ်ပြီးရင် ဘဝတူ အလုပ်သမလေးတွေကို […]

Read More
မေသန်းနု လွတ်မြောက်လာတဲ့အခါ နေထိုင်ဖို့ အိမ်တစ်အိမ်ငှားပေးပြီး အစစအရာရာ လိုလေသေးမရှိ စီစဉ်ထားတဲ့ စင်ရော်မောင်မောင်

မေသန်းနု လွတ်မြောက်လာတဲ့အခါ နေထိုင်ဖို့ အိမ်တစ်အိမ်ငှားပေးပြီး အစစအရာရာ လိုလေသေးမရှိ စီစဉ်ထားတဲ့ စင်ရော်မောင်မောင်

နိုင်ငံကျော် မင်းသမီး အကယ်ဒမီများရှင် မေသန်းနုကတော့ ငွေကြေးလိမ်လည်မှုကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁)နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ မေသန်းနုအတွက် ခင်ပွန်းဟောင်း စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကတော့ အကောင်းဆုံးဆိုတဲ့အရာတွေကို ကြိုးစားလုပ်ကိုင်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မေသန်းနုအတွက် ခင်ပွန်းဟောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က အိမ်တစ်အိမ်ငှားပေးပြီးအစစအရာရာ စီစဉ်ထားတဲ့အကြောင်းကို ပြောပြထားပါတယ်။ “အင်းစိန်တောရစခန်းတွင် တရားဆောက်တည်နေသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ပြန်ထွက်လာချိန်တွင် နေထိုင်နိုင်ရန်အတွက် မေလ (၁)ရက်နေ့မှ စ၍ ကျွန်တော့်အိမ်၏ အနီးဆုံးနေရာတွင် ကျွန်တော့်အနေဖြင့် စတင်ငှါးရမ်းထားပါသည်။ ၄င်းအပြင် မေသန်းနု၏ မြောက်များလှစွာသောပစ္စည်းများကို ကျွန်တော်တို့ သားအဖနှင့်အတူ စင်ရော်အဖွဲ့သားများမှ ရွှေ့ပြောင်းပေးပြီး ဆေး ဖြန်းလျက်ရှိကြောင်းချစ်စွာသော ပရိသတ်များအားအသိပေးအပ်ပါသည်။” “လူ နှစ်သောင်းသုံးထောင် ပြန်လွတ်သည့်အထဲတွင် မပါဝင်လာသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု […]

Read More
ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် လှူဒါန်းပြီးကုသိုလ်ယူခဲ့တဲ့ အကယ်ဒမီခန့်စည်သူ

ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် လှူဒါန်းပြီးကုသိုလ်ယူခဲ့တဲ့ အကယ်ဒမီခန့်စည်သူ

မင်းသားကြီး ခန့်စည်သူက အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသာမက အလှူအတန်းမှာလည်း ရက်ရက်ရောရော လှူဒါန်းတတ်လို့ နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူက အခုလို တစ်နိုင်ငံလုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း အစစအရာရာ ထောင့်စေ့အောင်ကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခန့်စည်သူက ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် ဆွမ်းဆန်တော်များကို လှူဒါန်းခဲ့ပါတယ်။ ခန့်စည်သူက ကျေးဇူးရှင် ရွှေသုဝဏ် ဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ စစ်ကိုင်းစာသင်တိုက်ပဓါန နာယကဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နှင့် ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ စုစုပေါင်း ဆွမ်းဆန်တော် […]

Read More
၅ မိနစ်ထက်ပိုပြီးလမ်းမလျှောက်နိုင်တာ ၂ လကျော်နေကာ ညာဘက်ခြေထောက်စိုးရိမ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ မီးမီးခဲ

၅ မိနစ်ထက်ပိုပြီးလမ်းမလျှောက်နိုင်တာ ၂ လကျော်နေကာ ညာဘက်ခြေထောက်စိုးရိမ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ မီးမီးခဲ

အဆိုတော်မီးမီးခဲကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာအချိန်အတော်ကြာနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်ကအောင်မြင်နေတဲ့ ထိပ်တန်းအဆိုရှင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့တဲ့ သူမကတော့ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုရော ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ကင်ဆာဝေဒနာကို ခံစားနေရတဲ့ ပြည်သူချစ်အနုပညာတစ်ယောက်ဖြစ်ပေမယ့် အားမငယ်ဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူမရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ အကြောင်းကို ချစ်ရတဲ့ ပရိသတ်တွေထံ အသိပေးလာခဲ့ပါတယ်။ သူမကတော့ ” ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ်..၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ..မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး..အဖြေက တော့ ကင်ဆာ ပြန့်ပွားမှုက တော့ပုံမှန်ပေမဲ့ ကင်ဆာဆေး ကြောင့် ဆိုကျိုးကို […]

Read More