လူ​လယ်​မ​လေး ​နှင်း​ဝေ

“ ကျွီ ”ကနဲ ကားဘရိတ် ဆွဲသံရှည်ကြီးက ထွက်ပေါ်လာပြီးခဏတွင် သူ့ကိုယ်သူ အနိုင်နိုင်သယ်ကာ လမ်းဖြတ်ကူးလာသော သူသည်ကားရှေ့မှာပင် မှောက်ရက်လဲပြီး ကျသွားလေသည်။နှင်းဝေ တစ်ယောက်ကမန်းကတမ်းကားပေါ်မှဆင်းလိုက်ရင်း ထိုသူအနားသို့ ရောက်သွားလေသည်။ ကားမီးရောင်အောက်တွင်မှောက်ရက်လဲနေသော သူ့ကို နှင်းဝေ တစ်ချက်ကြည့်လိုက်ပြီး မှ စိတ်ထဲတွင်စိုးထင့်ကာသွားလေသည်။ နောက်တဖန်သေချာအောင်ကြည့်လိုက်မိမှ နှင်းဝေ တစ်ယောက် အံ့သြတုန်လှုပ်ကာသွားလေသည်။ ထိုစဉ်တွင် ပလက်ဖေါင်းဆီမှ တဖုံးဖုံးပြေးကာလာနေသောခြေသံများကို ကြားလိုက်ရပြီး ထိုပြေးလာသောလူမှပင် လဲကျနေသော သူ့အားဆွဲကာထူလိုက်လေသည်။ ထိုသူသည် နှင်းဝေ ဖက်သို့လှည့်ကာ ကြည့်လိုက်ပြီး“ဟာ … နှင်းဝေပါလား ” “ ဟင် … ကိုစိန်တင် … ဘယ်လိုဖြစ်ရတာလဲ ? ” “ သူ့ဖာသာသူသွားမယ်ဆိုပြီး လမ်းဖြတ်ကူးသွားတာပဲ …” ထိုသူနှင့် စကားအပြန်အလှန်ပြောရင်း နှင်းဝေ တစ်ယောက်သူတို့နှစ်ယောက်အနားသို့ […]

Read More