စာမေးပွဲဖြေနေတဲ့ (၁၅)နှစ်အရွယ် (၈)တန်းကျောင်းသူလေး ပျောက်ဆုံးနေလို့ ကူညီပြီးရှယ်ပေးကြပါအုံး

စာမေးဖြေနေစဉ်(၈)တန်းကျောင်းသူလေး ပျောက်ဆုံး (၈)တန်းကျောင်းသူ အသက် 15 နှစ်‌ဝန်းကျင်အရွယ် ညီမလေး ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါဦးရှင့် ( 27.2.2020 ) စစ်ကိုင်းမြို့ ထားဝယ်ဈေးရပ်ကွက်မှ မသဉ္ဇာကို (၈)တန်းကျောင်းသူလေး ဖြစ်ပါတယ်……။ အသက် 15 နှစ်‌ဝန်းကျင်အရွယ် ညီမလေးပျောက်နေပါဖြင့်တွေ့ရှိပါက အကြောင်းကြားပေးပါဦးရှင့် …….။ မိသားစုမှ စိတ်ပူနေပါတယ် ညီမ‌လေးရေ……..။ ဆိုင်ကအရောင်းဝန်ထမ်းရဲ့ ညီမလေး ၈တန်းစာမေးပွဲဖြေနေလို့ ကူညီပြီးရှယ်ပေးကြပါအုံးရှင့်……..။ ကျေးဇူးပြု၍ shareပေးကြပါအုံးနော်……..။ ဆက်သွယ်ရန် / 09795591744 / 09695303464 / 092022294 unicode (၈)တန်းကျောင်းသူ အသက် 15 နှစ်‌ဝန်းကျင်အရွယ် ညီမလေး ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါဦးရှင့်… ( 27.2.2020 ) စစ်ကိုင်းမြို့ ထားဝယ်ဈေးရပ်ကွက်မှ မသဉ္ဇာကို […]

Read More

ကလေးကိုရေနှစ်နှိပ်စက်တဲ့အဒေါ်နဲ့အဖွားကို မြောက်ဥက္ကလာပမြို့နယ်တရားရုံး က အမိန့်ချမှတ်

ဖေဖော်ဝါရီ(၂၈)ရက်၊ ၂၀၂၀။ အင်တာနက်ပေါ်မှာ နာမည်ကြီးသွားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ကလေးကို ရေနှစ်နှိပ်စက်တယ်ဆိုတဲ့ သားအမိနှစ်ယောက်ကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်တရားရုံး က ထောင်ဒဏ်(၅) နှစ်စီ ချမှတ်လိုက်ပါတယ်။ အဲ့ဒီအမှုကို အမိန့်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ(၁၄)ရက် နေ့က အကြောင်းအမျိုးမျိုးကြောင့် အခုမှ အမိန့်ချဖြစ်တာဖြစ်ပါတယ်။ “အမိန့်ချဖို့ ချိန်းထားတာက (၂)နာရီကျော်မှပါ။ တကယ်အမိန့်ချသွားတာက နေ့လည်(၁)နာရီဝန်းကျင်လောက်မှာ ချသွားတာ အမိန့်ချတဲ့အချိန်မှာ ကျွန်မတို့ရှေ့နေတောင် မရောက် သေးဘူး”လို့ တရားလိုဒေါ်နိုင်နိုင်မော်က O Media ကို ပြောပါ တယ်။ အခုလိုအမိန့်ချမှတ်တဲ့အပေါ်ကိုတော့ သူ့အနေနဲ့ မကျေနပ်တာ မရှိဘူးလို့လည်း ပြောပါသေးတယ်။ ဒီနေ့အမိန့်ချမှတ်တာနဲ့ပတ်သက်ပြီး တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။ ရေနှစ်ပြီးနှိပ်စက်ခဲ့တဲ့ ကလေးရဲ့အဖွားဖြစ်သူနဲ့ အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့မရဲစခန်းက […]

Read More

တနင်္သာရီတွင် လူမှုကွန်ယက်အသုံးပြုပြီး မမှန်ကန်တဲ့ သတင်းအရင်းအမြစ်တင်သူအား ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူထား

28.2.2020 တနင်္သာရီမြို့၊ ချောင်းကြီးရပ်တွင်နေထိုင်သူ ဖြူမျိုးဝင်း(ခ)တရုတ်ကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူ ထားကြောင်းသိရပါတယ်။ တနင်္သာရီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ တို့ကို ဖြူမျိုးဝင်း(ခ)တရုတ်မှ Phyu Myo Facebook Account ဖြင့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က မမှန်ကန်တဲ့ သတင်းအရင်းမြစ်အား ကိုးကားပြီး လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေခဲ့တာကြောင့် တနင်္သာရီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်အလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်းက တရားလိုလုပ်ပြီး တနင်္သာရီမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူမျိုးဝင်း(ခ)တရုတ် အား တနင်္သာရီမြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူထားကြောင်းသိရပါတယ်။ မြတ်ထွဋ် (မြိတ်)

Read More