ဘတ်စကတ်ဘောကို လက်တစ်ဖက်တည်းနဲ့ မယုံကြည်နိုင်ဖွယ် ကစားပြခဲ့တဲ့ ကောင်လေး

ဘတ်စကတ်ဘောကို လက်တစ်ဖက်တည်းနဲ့ မယုံကြည်နိုင်ဖွယ် ကစားပြခဲ့တဲ့ ကောင်လေး

ဘတ်စကတ်ဘောဆိုတဲ့ ကစားနည်းမျိုးဟာ ခြေထောက်အားရော၊ လက်အားရော တစ်ကိုယ်လုံးပေါင်းပြီး ကစားရတဲ့ ကစားနည်းပါ။ ဒါကို လက်တစ်ဖက်မရှိတဲ့ ကောင်လေးတစ်ယောက်က ဘတ်စကတ်ဘောကို ကျွမ်းကျွမ်းကျင်ကျင်ဆော့နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလေနော်။

သူ့နာမည်ကတော့ Zhang Jiacheng ပါတဲ့။ Guangdong ဒေသရဲ့ Yunfu မှာနေထိုင်ပါတယ်။ အသက်ကတော့ ၁၃ နှစ်ပဲရှိပါသေးတယ်ဆိုပြီး Next Shark မှာ ဖော်ပြထားခဲ့ပါတယ်။ Zhang ဟာ သူ့ရဲ့ လက်တစ်ဖက်ကို ၅ နှစ်အရွယ်တုန်းက မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးလိုက်ရပါတယ်။

Zhang ဟာ တရုတ်မှာပဲနေပြီး ဘတ်စကတ်ဘောကစားနည်းတွေကို ပရော်ဖက်ရှင်နယ်ကျကျနဲ့ လေ့ကျင့်မှုတွေရယူလျက်ရှိနေပါတယ်။ ဇွန်လ ၄ ရက်နေ့မှာတော့ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက် website တစ်ခုဖြစ်တဲ့ Weibo မှာ Zhang ရဲ့ ဘတ်စကတ်ဘောကစားနေတဲ့ ဗီဒီယိုကို အဖွဲ့ချုပ်မှ တင်ခဲ့ပါတယ်။

လက်တစ်ဖက်မရှိတဲ့ ၁၃ နှစ်သားလေးတစ်ယောက်က သာမန်လူတွေထက်တောင် ဘတ်စကတ်ဘောပုတ်ကျွမ်းကျင်နေတာဟာ အရမ်းကို အံ့သြဖို့ကောင်းလွန်းလို့ ဗီဒီယိုသာမရှိရင် ယုံနိုင်မှာတောင်မဟုတ်ပါဘူး။

Zhang ရဲ့ ဗီဒီယိုကို Weibo မှာ မြင်ခဲ့တဲ့ ကမ္ဘာကျော်ဘတ်စကတ်ဘောအကျော်အမော် Stephen Curry ကလည်း သူ့ကိုထောက်ပံ့မှုတွေပေးချင်တဲ့တွက် လိုက်ရှာနေပါတယ်တဲ့။ Zhang ကလည်း သူ့ရဲ့ idol ဟာ Stephen Curry ဖြစ်တယ်ဆိုပြီး ပြေားထားခဲ့ဖူးတဲ့အတွက် Stephen Curry အနေနဲ့ Zhang လေးကို ထောက်ပံ့မှုတွေ ပေးမလို့လားဆိုတာ ရင်ခုန်ဖွယ်ပါပဲ။

Author Image
Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *